Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ၏ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ်နှိုင်းယှဉ်မှုအခြေအနေများ

Last Updated:

ကုလားပဲ(မျိုးစုံ)

ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး(သစ်) (၆၁၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး(သစ်) (၆၁၀၀၀)ကျပ်၊ 929  (သ-၅၇၅၀၀/ ဟ-၅၉၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး(သစ်) (၆၁၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (သစ်) (၆၁၅၀၀)ကျပ်၊ 929(သစ်) တစ်တင်းလျှင် (၅၈၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက 929နှင့် ကုလားပဲဖြူလုံး(ကြီး/သေး) ဈေးနှုန်းများ အနည်းငယ် ကျဆင်းနေကြောင်း သိရပါသည်။

ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၆၂၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၅၅၀၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်  ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပဲစဉ်းငုံ တစ်တင်းလျှင် (၁၂၀၀) ကျပ် မြင့်တက်နေကြောင်းသိရပါသည်။

မတ်ပဲ

မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၂၅၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၅၃၅၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်   ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၁၀၀၀) ကျပ် ကျဆင်းသွားကြောင်းသိရပါသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  (၄၇၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၃၇၈၀၀)ကျပ် ယခင်တစ်ပတ် ကာလတူ အချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း (၄၆၅၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၃၆၅၀၀)ကျပ်ရှိပါသည်။ ယခုတစ်ပတ် ကာလတူ ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း (ကြီး)/ (သေး) ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကြောင်း သိရပါသည်။

ပြောင်းဖူးစေ့(CP)၊  ပြောင်းနီ

ယခုတစ်ပတ် ပြောင်းဖူးစေ့(စီပီ)တစ်တင်း (၂၁၉၀၀)ကျပ်၊ပြောင်းနီ တစ်တင်းလျှင် (၂၁၅၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ် ကာလတူအချိန် တွင် ပြောင်းဖူးစေ့(စီပီ)တစ်တင်း (၂၀၇၀၀)ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၂၁၅၀၀)ကျပ်ရှိ၍ ယခုတစ်ပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပြောင်းဖူးစေ့(စီပီ) အနည်းငယ်မြင့်တက်နေပြီး ပြောင်းနီဈေးငြိမ်နေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News